သေႏၶသားေလာင္း ျဖစ္ေပၚလာပံု အဆင့္ဆင့္

သေႏၶသားေလာင္း
၁။ ပထမ ၃ လ ဆိုတာ သေႏၶစတည္ခ်ိန္ကေန ေနာက္ ၁၂ ပါတ္အထိ။
၂။ ဒုတိယ ၃ လ ဆိုတာ ၁၃ ပါတ္ကေန ၂၇ ပါတ္အထိ။
၃။ တတိယ ၃ လ ဆိုတာ ၂၈ ပါတ္ကေန ေမြးတဲ့အထိ။
၁-၁၂ ပါတ္ ကိုယ္ဝန္ မိခင္ေလာင္းမွာ ဘာေတြ ေျပာင္းလဲလာသလဲ။ေဟာ္မုန္း အေျပာင္းအလဲေတြေၾကာင့္ ကိုယ္ခႏၶာ စနစ္တိုင္းလိုလိုမွာ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္လာေစတယ္။လစဥ္ရာသီ မလာေတာ့ဘူး။ စိတ္ပိုင္းေရာ ႐ုပ္ပိုင္းမွာပါ ေျပာင္းလာတယ္။ေမာပန္းလြယ္မယ္။ ရင္သား နာတယ္။ ပိုႀကီးထြားလာမယ္။ ႏို႔သီးထိပ္ဖ်ားလဲ သိသိသာသာ ျဖစ္လာမယ္။ အစာမေက်သလို ျဖစ္လာမယ္။ ပ်ိဳ႕ခ်င္- အန္ခ်င္ ျဖစ္မယ္။Morning sickness ေခၚၾကတယ္။ အစားအစာ တစ္မ်ိဳးမ်ိဳးကို တပ္မက္မႈ ခ်ဥ္ျခင္းတပ္တာ ျဖစ္ႏိုင္တယ္။ စိတ္မူ ေျပာင္းလာႏိုင္တယ္။ ဝမ္းခ်ဳပ္တတ္တယ္။ ဆီးခဏခဏသြားခ်င္မယ္။ ေခါင္းကိုက္မယ္။ ရင္ပူမယ္။ ကိုယ္အေလးခ်ိန္ တိုးလာမယ္။ အန္တာ၊ အစာမစားခ်င္တာမ်ားရင္ အေလးခ်ိန္က်ႏိုင္တယ္။ စားခ်ိန္၊ အိပ္ခ်ိန္ေတြ ေျပာင္းလာတတ္တယ္။ အစားကို နည္းနည္းနဲ႔ ခဏခဏ စားခ်င္လာမယ္။ ကိုယ္ဝန္ရင့္လာတာနဲ႔ ဒီလိုခံစားေနရတာေတြ ေကာင္းလာမယ္။ တခ်ိဳ႕မွာေတာ့ ေတာက္ေလွ်ာက္ ေနမေကာင္း ျဖစ္ေနတတ္တယ္။
ရက္သတၱ(၄)ပါတ္ သေႏၶသား
ကေလးဦးေႏွာက္နဲ႔ ခါး႐ိုးမႀကီးထဲက အာ႐ုံေၾကာႀကီး စတင္ျဖစ္ေပၚလာၿပီ။ ႏွလုံးလည္း စတင္ျဖစ္လာၿပီ။ ေျခ-လက္ျဖစ္လာမဲ့ အရာလည္း ေပၚလာၿပီ။ သေႏၶသားဟာ တစ္လက္မရဲ႕ ၂၅ ပုံ ၁ ပုံ အရွည္ရွိလာၿပီ။ရက္သတၱ(၈) ပါတ္ သေႏၶသား အဓိကအဂၤါအစိတ္အပိုင္းေတြ ျဖစ္ေပၚလာၿပီ။ ကိုယ္ရယ္-ေခါင္းရယ္ ရွိလာၿပီ။ ႏွလုံးခုန္တာ စည္းခ်က္က်က် ၾကားရၿပီ။ ေျခေတြ-လက္ေတြ ရွည္လာၿပီ။ လက္ေခ်ာင္းေလးေတြ ပီျပင္လာၿပီ။ေယာက်္ားေလး-မိန္းကေလး ခြဲျခားျဖစ္လာၿပီ။ မ်က္လုံးက မ်က္ႏွာေရွ႕ထြက္ျပဴလာၿပီး၊ မ်က္ရစ္ေပၚလာၿပီ။ ခ်က္က်ိဳးကိုေကာင္းေကာင္းျမင္လာရၿပီ။ ရက္သတၱ (၈) ပါတ္အကုန္မွာ သေႏၶသားက ကေလးငယ္ေလး၊ လူသားေလးလို ပီျပင္လာၿပီ။တစ္လက္မအထိ ရွည္လာၿပီ။ အေလးခ်ိန္ တေအာင္စရဲ႕ ၈ပုံ ၁ ပုံ ရွိလာၿပီ။ (၁ေအာင္စ= ၂၈. ၃ ဂရမ္)
ရက္သတၱ(၁၂) ပါတ္ သေႏၶသား
အာ႐ုံေၾကာေတြနဲ႔ ႂကြက္သားေတြ တြဲလုပ္ႏိုင္လာၿပီ။ လက္သီးဆုပ္တတ္လာၿပီ။ အျပင္ပန္းအရ ေယာက်္ားလိင္အဂၤါ၊ မိန္းမလိင္အဂၤါေတြ ျမင္လာႏိုင္ၿပီ။ ပထမ ၃ လေနာက္မွာ (အာလ္ထြာေဆာင္း) ႐ိုက္ရင္ ေမြးမဲ့ကေလးရဲ႕ လိင္အဂၤါကို သိႏိုင္ၿပီ။ မ်က္ခြံေတြ ႀကီးထြားလာေနတဲ့ မ်က္လုံးကို ကာကြယ္တဲ့အေနနဲ႔ ပိတ္ထားမယ္။ ၂၈ ပါတ္ထိ မဖြင့္ဘူး။ ဦးေခါင္း ဖြံ႕ထြားေနတာ ေႏွးလိုက္ၿပီ။ ကိုယ္ပိုင္းက ပိုႀကီးထြားလာမယ္။ ၃ လက္မအထိ ရွည္လာၿပီ။ တစ္ေအာင္စအထိ ေလးလံလာၿပီ။
ရက္သတၱ(၁၃-၂၈) ပါတ္ သေႏၶသားကိုယ္ဝန္ ဒုတိယ (၃) လ
မ်ားေသာအားျဖင့္ ကိုယ္ဝန္ဒုတိယပါတ္ဟာ ပထမပါတ္ထက္ ေနရထိုင္ရ သက္သာေကာင္းမြန္ၾကတယ္။ ပ်ိဳ႕ခ်င္၊ အန္ခ်င္တာေတြ အားကုန္တာေတြ ေပ်ာက္သြားၿပီ။ အသစ္အေျပာင္းအလဲေတြေတာ့ ရွိလာမယ္။ ဗိုက္ေဖာင္းလာတာက ပိုသိသာလာမယ္။ အထဲက ကေလးလႈပ္တာ သိလာမယ္။ ကေလးက ေျခနဲ႔ကန္တာလဲ သတိထားမိမယ္။
ရက္သတၱ(၁၆) ပါတ္ သေႏၶသား
ေညာင္းတာ၊ ကိုက္တာ၊ ခါးနာတာ ျဖစ္လာမယ္။ ေပါင္- ေျခသလုံးေတြ နာႏိုင္တယ္။ ဗိုက္၊ ေပါင္၊ ရင္သား၊ တင္ပါးေတြမွာ အေၾကာျပတ္တဲ့ အရာေတြ ထင္လာမယ္။ ရင္သားထိပ္က အေရာင္ပိုမဲလာမယ္။ ခ်က္ကေန ေအာက္တည့္တည့္တန္းေနတဲ့ ခပ္မဲမဲ မ်ဥ္းေၾကာင္းထင္လာမယ္။ ပါး၊ ႏွာေခါင္း၊ အေပၚႏႈတ္ခမ္း၊ နဖူး စတဲ့ေနရာမွာ အေရာင္ရင့္တဲ့ အစက္အေပ်ာက္ေတြ ေပၚလာႏိုင္တယ္။ မ်က္ႏွာ ဘယ္ဘက္နဲ႔ ညာဘက္ ခပ္ဆင္ဆင္တူတူျဖစ္လို႔ ကိုယ္ဝန္ေဆာင္မ်က္ႏွာဖုံးလို႔ ေခၚၾကတယ္။ လက္ေတြမွာ ထုံက်င္က်င္ ျဖစ္လာတာကို Carpal tunnel syndrome (ကာပယ္လ္-တာနယ္လ္-ဆင္ဒ႐ုမ္း) ေခၚတယ္။ ဗိုက္၊ လက္ဖဝါး၊ ေျခဖဝါးေတြ ယားႏိုင္တယ္။ တကယ္လို႔ ပ်ိဳ႕-အန္တာ၊ အသား-ဆီးဝါတာ၊ အစားပ်က္တာ၊ အားကုန္တာေတြနဲ႔ ယားတာ တြဲျဖစ္ရင္ေတာ့ ဆရာဝန္ျပပါ။ အသည္းကို စစ္ေဆးဖို႔ လိုမယ္။ ေျခသလုံး၊ လက္၊ မ်က္ႏွာေတြ ေရာင္ႏိုင္တယ္။ တကယ္လို႔ ေရာင္တာက မ်ားတယ္။ ဆီးအနည္ပါေနမယ္။ ကိုယ္အေလးခ်ိန္တိုးတာ မ်ားေနမယ္ဆိုရင္ ဆရာဝန္ျပပါ။
ရက္သတၱ(၁၆) ပါတ္ သေႏၶသား
ႂကြက္သားေတြ၊ အ႐ိုးေတြ ပိုျဖစ္ေပၚလာၾကၿပီ။ အ႐ိုးစနစ္က ပိုျပည့္စုံလာၿပီ။ အေရျပားလည္း ျဖစ္လာၿပီး ပါးလြန္းလို႔ ဒိုးယိုေပါက္ျမင္ရသေလာက္ဘဲ။ Meconium ငယ္ခ်ီးဆိုတာ ျဖစ္လာၿပီ။ အူေတြက စလႈပ္ရွားလာေနၿပီ။ ပါးစပ္က စုပ္တဲ့ တုံ႔ျပန္မႈ စလုပ္ႏိုင္လာၿပီ။ အရွည္ ၄-၅ လက္မနဲ႔ အေလးခ်ိန္ ၃ ေအာင္စ ရွိလာၿပီ။
ရက္သတၱ (၂၀) ပတ္ သေႏၶသား
ပိုလႈပ္ရွားတတ္လာၿပီ။ Lanugo ေခၚတဲ့ ကိုယ္ေမႊးႏုေလးေတြက တစ္ကိုယ္လုံးဖုံးေနၿပီ။ Vernix ေခၚတဲ့ ဖေယာင္းလို အရာလည္း ရွိလာၿပီ။ မ်က္ခုံးေမႊး၊ မ်က္ေတာင္ေမႊး၊ လက္သည္း-ေျခသည္းေတြ ျဖစ္လာၿပီ။ အၾကားအာ႐ုံ ရွိလာၿပီ။ မ်ိဳခ်တတ္လာၿပီ။ ၆ လက္မရွည္ၿပီး ၉ ေအာင္စ ေလးလာၿပီ။
ရက္သတၱ (၂၄) ပါတ္ သေႏၶသား
Bone marrow ႐ိုးတြင္းျခင္ဆီ ျဖစ္လာလို႔ ေသြးဥေတြ ထုတ္လုပ္လာၿပီ။ Taste buds လွ်ာမွာ အရသာခံႏိုင္တဲ့ အဖုေလးေတြ ျဖစ္လာၿပီ။ လက္ေဗြ၊ ေျခေဗြေတြ ျဖစ္လာၿပီ။ ေခါင္းမွာ တကယ့္ဆံပင္ ျဖစ္လာၿပီ။ အဆုတ္ေတြ ျဖစ္လာၿပီ။ အလုပ္ေတာ့ မလုပ္ေသးဘူး။ Startle reflex ေခၚတဲ့ ႐ုတ္တရက္တစ္ခုခုကေန ထိခိုက္ေစသလိုမ်ိဳး သက္ေရာက္မႈ ရွိတာကို အလိုလို တုံ႔ျပန္ႏိုင္စြမ္းဆိုတာ ရွိလာၿပီ။ ဥပမာ- မ်က္စိကို ကာကြယ္ဖို႔ မ်က္ေတာင္ပိတ္ပစ္တာမ်ိဳး။ လက္ေတြကလည္း အဲလိုသေဘာလုပ္တတ္လာၿပီ။ ဦးေႏွာက္ ေအာက္ေျခကေန လုပ္ေပးတာျဖစ္တယ္။ အိပ္တတ္၊ ႏိုးတတ္လာၿပီ။ ေယာက်ာ္ေလးဆိုရင္ ဗိုက္ထဲမွာ စျဖစ္ခဲ့တဲ့ က်ားအစိဟာ ကပ္ပဲ့အိတ္ထဲ ဆင္းလာၿပီ။
မိန္းကေလးဆိုရင္ သားအိမ္၊ မ်ိဳးဥအိမ္ေတြ ေနသားတက် ျဖစ္လာၿပီ။ အရပ္က ၁၂ လက္မရွည္ၿပီ။ အဆီကို စုေဆာင္းတတ္လာလို႔ ကိုယ္အေလးခ်ိန္တက္လာမယ္။ ၁ ေပါင္ခြဲ ေလးလာၿပီ။
တတိယ(၃)လပိုင္း ရက္သတၱ(၂၉-၄၀) ပါတ္
အသက္ရွဴရတာ နည္းနည္းခက္လာမယ္။ ကိုယ္လက္သန႔္ရွင္းဖို႔ ခဏခဏ သြားရမယ္။ ႀကီးထြားလာတဲ့ကေလးက ဆီးအိမ္နဲ႔ အစာေဟာင္းအိမ္ေတြကို ဖိလာလို႔ ျဖစ္ရတယ္။ စိတ္ပိုင္းခံစားရတာ ေျပာင္းလာမယ္။ ကေလးအတြက္ စိုးရိမ္တာေရာ ဝမ္းေျမာက္တာပါ စိတ္ထဲမွာ လႊမ္းမိုးလာမယ္။ရင္ပူမယ္။ေျခ-လက္-မ်က္ႏွာ ပိုေရာင္လာတတ္တယ္။ လိပ္ေခါင္းရွိလာမယ္။ ရင္သားက တင္း-နာမယ္။ ညႇစ္ၾကည့္ရင္ Pre-milk ႏို႔ဦးရည္ၾကည္ေခၚတဲ့ Colostrums ထြက္မယ္။ခ်က္ကစူလာမယ္။ အိပ္ရတာ ခက္လာမယ္။ သားအိမ္ဝက ေျပာင္းလာမယ္။ ပိုပါးၿပီး ေပ်ာ့လာမယ္။ Effacing ေခၚတယ္။
ကိုယ္ဝန္ ၃၂ ပါတ္
ကေလးအ႐ိုးေတြအားလုံး ျဖစ္ေျမာက္လာၿပီ။ ေပ်ာ့ေနေသးတယ္။ေျခကန္တာ သန္လာၿပီ။ အလင္းေရာင္ရရင္ မ်က္စိမွိတ္ တတ္-ဖြင့္တတ္ၿပီ။ အေရးပါတဲ့ (ကယ္လ္စီယမ္) နဲ႔ သံဓာတ္ေတြကို ေလွာင္ထားႏိုင္လာၿပီ။ အရင္ကရွိေနခဲ့တဲ့ Lanugo အေရျပားႏုေလးေတြေနရာ တကယ့္အေရျပား အစားထိုးလာၿပီ။ အေလးခ်ိန္က တိုးသထက္တိုးလာတယ္။ ၇ ရက္တပတ္မွာ ၈ ေအာင္စႏႈန္း တိုးလာမယ္။ အခုဆိုရင္ ၁၅- ၁၇ လက္မအရပ္ရွိၿပီ။ ၄ ေပါင္၊၄ ေပါင္ခြဲ ေလးလာၿပီ။
ကိုယ္ဝန္ ၃၆ ပါတ္
အေပၚဖုံး Vernix ဖေယာင္းလႊာ ပိုထူလာမယ္။ အဆီပိုမ်ားမယ္။ သားအိမ္ထဲမွာ သူကပိုႀကီးလာလို႔ အရင္ကေလာက္ လႈပ္ရွားမရျဖစ္လာတယ္။ ၁၆-၁၉ လက္မနဲ႔ ၆-၆.၅ ေပါင္ရွိလာၿပီ။
၃၇-၄၀ ပါတ္
၃၇ ပါတ္ျပည့္ရင္ လေစ့ၿပီလို႔ ေျပာႏိုင္တယ္။ အမ်ားဆုံးကိုယ္ဝန္ေတြမွာ ကေလးေခါင္းက ေအာက္ဖက္မွာ သတ္သတ္မွတ္မွတ္ရွိလာၿပီ။
Credit: Dr. တင့္ေဆြ, Healthcare Journal
#Unicode Version
၁။ ပထမ ၃ လ ဆိုတာ သန္ဓေစတည်ချိန်ကနေ နောက် ၁၂ ပါတ်အထိ။
၂။ ဒုတိယ ၃ လ ဆိုတာ ၁၃ ပါတ်ကနေ ၂၇ ပါတ်အထိ။
၃။ တတိယ ၃ လ ဆိုတာ ၂၈ ပါတ်ကနေ မွေးတဲ့အထိ။
၁-၁၂ ပါတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေ ပြောင်းလဲလာသလဲ။ဟော်မုန်း အပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာစေတယ်။လစဉ်ရာသီ မလာတော့ဘူး။ စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါ ပြောင်းလာတယ်။မောပန်းလွယ်မယ်။ ရင်သား နာတယ်။ ပိုကြီးထွားလာမယ်။ နို့သီးထိပ်ဖျားလဲ သိသိသာသာ ဖြစ်လာမယ်။ အစာမကျေသလို ဖြစ်လာမယ်။ ပျို့ချင်- အန်ချင် ဖြစ်မယ်။Morning sickness ခေါ်ကြတယ်။ အစားအစာ တစ်မျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။ စိတ်မူ ပြောင်းလာနိုင်တယ်။ ဝမ်းချုပ်တတ်တယ်။ ဆီးခဏခဏသွားချင်မယ်။ ခေါင်းကိုက်မယ်။ ရင်ပူမယ်။ ကိုယ်အလေးချိန် တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။ စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နည်းနည်းနဲ့ ခဏခဏ စားချင်လာမယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။ တချို့မှာတော့ တောက်လျှောက် နေမကောင်း ဖြစ်နေတတ်တယ်။
ရက်သတ္တ(၄)ပါတ် သန္ဓေသား
ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။ နှလုံးလည်း စတင်ဖြစ်လာပြီ။ ခြေ-လက်ဖြစ်လာမဲ့ အရာလည်း ပေါ်လာပြီ။ သန္ဓေသားဟာ တစ်လက်မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။ရက်သတ္တ(၈) ပါတ် သန္ဓေသား အဓိကအင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ် ရှိလာပြီ။ နှလုံးခုန်တာ စည်းချက်ကျကျ ကြားရပြီ။ ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။ယောကျ်ားလေး-မိန်းကလေး ခွဲခြားဖြစ်လာပြီ။ မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီး၊ မျက်ရစ်ပေါ်လာပြီ။ ချက်ကျိုးကိုကောင်းကောင်းမြင်လာရပြီ။ ရက်သတ္တ (၈) ပါတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို ပီပြင်လာပြီ။တစ်လက်မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ပုံ ၁ ပုံ ရှိလာပြီ။ (၁အောင်စ= ၂၈. ၃ ဂရမ်)
ရက်သတ္တ(၁၂) ပါတ် သန္ဓေသား
အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာပြီ။ လက်သီးဆုပ်တတ်လာပြီ။ အပြင်ပန်းအရ ယောကျ်ားလိင်အင်္ဂါ၊ မိန်းမလိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပထမ ၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်အင်္ဂါကို သိနိုင်ပြီ။ မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။ ၂၈ ပါတ်ထိ မဖွင့်ဘူး။ ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။ ၃ လက်မအထိ ရှည်လာပြီ။ တစ်အောင်စအထိ လေးလံလာပြီ။
ရက်သတ္တ(၁၃-၂၈) ပါတ် သန္ဓေသားကိုယ်ဝန် ဒုတိယ (၃) လ
များသောအားဖြင့် ကိုယ်ဝန်ဒုတိယပါတ်ဟာ ပထမပါတ်ထက် နေရထိုင်ရ သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ အားကုန်တာတွေ ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖောင်းလာတာက ပိုသိသာလာမယ်။ အထဲက ကလေးလှုပ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ သတိထားမိမယ်။
ရက်သတ္တ(၁၆) ပါတ် သန္ဓေသား
ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာ ဖြစ်လာမယ်။ ပေါင်- ခြေသလုံးတွေ နာနိုင်တယ်။ ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။ ရင်သားထိပ်က အရောင်ပိုမဲလာမယ်။ ချက်ကနေ အောက်တည့်တည့်တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။ ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့ အစက်အပျောက်တွေ ပေါ်လာနိုင်တယ်။ မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင်မျက်နှာဖုံးလို့ ခေါ်ကြတယ်။ လက်တွေမှာ ထုံကျင်ကျင် ဖြစ်လာတာကို Carpal tunnel syndrome (ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။ ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊ အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ ယားတာ တွဲဖြစ်ရင်တော့ ဆရာဝန်ပြပါ။ အသည်းကို စစ်ဆေးဖို့ လိုမယ်။ ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။ ဆီးအနည်ပါနေမယ်။ ကိုယ်အလေးချိန်တိုးတာ များနေမယ်ဆိုရင် ဆရာဝန်ပြပါ။
ရက်သတ္တ(၁၆) ပါတ် သန္ဓေသား
ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။ အရေပြားလည်း ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။ Meconium ငယ်ချီးဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုပ်ရှားလာနေပြီ။ ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ။ အရှည် ၄-၅ လက်မနဲ့ အလေးချိန် ၃ အောင်စ ရှိလာပြီ။
ရက်သတ္တ (၂၀) ပတ် သန္ဓေသား
ပိုလှုပ်ရှားတတ်လာပြီ။ Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တစ်ကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့ ဖယောင်းလို အရာလည်း ရှိလာပြီ။ မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။ အကြားအာရုံ ရှိလာပြီ။ မျိုချတတ်လာပြီ။ ၆ လက်မရှည်ပြီး ၉ အောင်စ လေးလာပြီ။
ရက်သတ္တ (၂၄) ပါတ် သန္ဓေသား
Bone marrow ရိုးတွင်းခြင်ဆီ ဖြစ်လာလို့ သွေးဥတွေ ထုတ်လုပ်လာပြီ။ Taste buds လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေ ဖြစ်လာပြီ။ လက်ဗွေ၊ ခြေဗွေတွေ ဖြစ်လာပြီ။ ခေါင်းမှာ တကယ့်ဆံပင် ဖြစ်လာပြီ။ အဆုတ်တွေ ဖြစ်လာပြီ။ အလုပ်တော့ မလုပ်သေးဘူး။ Startle reflex ခေါ်တဲ့ ရုတ်တရက်တစ်ခုခုကနေ ထိခိုက်စေသလိုမျိုး သက်ရောက်မှု ရှိတာကို အလိုလို တုံ့ပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ- မျက်စိကို ကာကွယ်ဖို့ မျက်တောင်ပိတ်ပစ်တာမျိုး။ လက်တွေကလည်း အဲလိုသဘောလုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။ အိပ်တတ်၊ နိုးတတ်လာပြီ။ ယောကျာ်လေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲ ဆင်းလာပြီ။
မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျ ဖြစ်လာပြီ။ အရပ်က ၁၂ လက်မရှည်ပြီ။ အဆီကို စုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။ ၁ ပေါင်ခွဲ လေးလာပြီ။
တတိယ(၃)လပိုင်း ရက်သတ္တ(၂၉-၄၀) ပါတ်
အသက်ရှူရတာ နည်းနည်းခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဖို့ ခဏခဏ သွားရမယ်။ ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ ဖြစ်ရတယ်။ စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။ရင်ပူမယ်။ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။ လိပ်ခေါင်းရှိလာမယ်။ ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် Pre-milk နို့ဦးရည်ကြည်ခေါ်တဲ့ Colostrums ထွက်မယ်။ချက်ကစူလာမယ်။ အိပ်ရတာ ခက်လာမယ်။ သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။
ကိုယ်ဝန် ၃၂ ပါတ်
ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။ခြေကန်တာ သန်လာပြီ။ အလင်းရောင်ရရင် မျက်စိမှိတ် တတ်-ဖွင့်တတ်ပြီ။ အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓာတ်တွေကို လှောင်ထားနိုင်လာပြီ။ အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။ အလေးချိန်က တိုးသထက်တိုးလာတယ်။ ၇ ရက်တပတ်မှာ ၈ အောင်စနှုန်း တိုးလာမယ်။ အခုဆိုရင် ၁၅- ၁၇ လက်မအရပ်ရှိပြီ။ ၄ ပေါင်၊၄ ပေါင်ခွဲ လေးလာပြီ။
ကိုယ်ဝန် ၃၆ ပါတ်
အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။ အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက် လှုပ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက်မနဲ့ ၆-၆.၅ ပေါင်ရှိလာပြီ။
၃၇-၄၀ ပါတ်
၃၇ ပါတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။ အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။
Credit: Dr. တင့်ဆွေ, Healthcare Journal
โพสท์ใน Uncategorized | ใส่ความเห็น

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *