ဒူး ခါး လက္ နာက်င္ကိုက္ခဲျခင္း ေဝဒနာဆိုးကို သက္သာေပ်ာက္ကင္းေစမယ့္ ေဂြးေတာက္႐ြက္ႏွင့္ သနပ္ခါး ေဆးနည္

အမ်ိဳးသမီးမ်ား အျဖစ္မ်ားေလ့ရွိတဲ့ ဒူး ခါး လက္တို႔ နာက်င္ကိုက္ခဲျခင္း ေဝဒနာဆိုးကို သက္သာေပ်ာက္ကင္းေစမယ့္ ကိုယ္ေတြ႕ ေဆးနည္းေကာင္းေလး ျဖစ္ပါတယ္။
ေဆးနည္း
ေဂြးေတာက္႐ြက္ အနည္းငယ္ကိုေထာင္း ထြက္လာတဲ့ အရည္နဲ႔ သနပ္ခါးကို ေသြး ဒူးကေနစၿပီး ေျချဖားအထိ လိမ္းရျခင္း ျဖစ္ပါတယ္။ ေရာဂါ အႏုအရင့္ အလိုက္ ေန႔စဥ္ ေရခ်ိဳးၿပီးတစ္ႀကိမ္၊ ညအိပ္ရာဝင္တစ္ႀကိမ္ ပုံမွန္ လိမ္းေပးမယ္ဆို႔ သိသိသာသာ ေပ်ာက္ကင္းလာပါလိမ့္မယ္။
ကိုႏိုင္ဆိုသူ ရဲ႕ ဇနီးျဖစ္သူဟာ တစ္ေနကုန္မိုးမိၿပီး ဒူးအဆစ္ေရာင္ၿပီး ကိုက္ခဲသြားပါတယ္။ ေဆးေပါင္းစုံလိမ္း စမ္းၾကည့္ေပမယ့္လည္း သက္သာသလိုလိုနဲ႔ မေကာင္းဘူး ျဖစ္ေနခဲ့တယ္။ ေနာက္ဆုံး ေရအိမ္ဝင္တာေတာင္ မထိုင္ႏိုင္ မထႏိုင္နဲ႔ ေတာ္ေတာ္ေလး ဆိုးေနတာကို ျမင္သြားတဲ့ သူငယ္ခ်င္းတစ္ေယာက္ က ေဂါက္ေရာဂါျဖစ္ေနတဲ့ သူ႔အမ်ိဳးသမီးကို ထိုးေဆးနည္းနဲ႔ ကုေပးရာက သက္သာေပ်ာက္ကင္းသြားတယ္လို႔ ေျပာလာပါတယ္။
စမ္းကုၾကည့္ပါဆိုတာနဲ႔ ကုၾကည့္လိုက္တာ တကယ္ သက္သာေပ်ာက္ကင္းလာတာေၾကာင့္ အလားတူ ေဝဒနာရွင္မ်ားကို သက္သာေစခ်င္တာမို႔ “ေဂြးေဒါက္ နဲ႔ သနပ္ခါး ေဆးနည္း” ကို တင္ျပေပးလိုက္ပါတယ္။
Credit : Mg Naing

(Unicode Version)
အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူးခါးလက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမယ့် ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။
ဆေးနည်း
ဂွေးတောက်ရွက် အနည်းငယ်ကိုထောင်း ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။ ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် ပုံမှန် လိမ်းပေးမယ်ဆို့ သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။
ကိုနိုင်ဆိုသူ ရဲ့ ဇနီးဖြစ်သူဟာ တစ်နေကုန်မိုးမိပြီး ဒူးအဆစ်ရောင်ပြီး ကိုက်ခဲသွားပါတယ်။ ဆေးပေါင်းစုံလိမ်း စမ်းကြည့်ပေမယ့်လည်း သက်သာသလိုလိုနဲ့ မကောင်းဘူး ဖြစ်နေခဲ့တယ်။ နောက်ဆုံး ရေအိမ်ဝင်တာတောင် မထိုင်နိုင် မထနိုင်နဲ့ တော်တော်လေး ဆိုးနေတာကို မြင်သွားတဲ့ သူငယ်ချင်းတစ်ယောက် က ဂေါက်ရောဂါဖြစ်နေတဲ့ သူ့အမျိုးသမီးကို ထိုးဆေးနည်းနဲ့ ကုပေးရာက သက်သာပျောက်ကင်းသွားတယ်လို့ ပြောလာပါတယ်။
စမ်းကုကြည့်ပါဆိုတာနဲ့ ကုကြည့်လိုက်တာ တကယ် သက်သာပျောက်ကင်းလာတာကြောင့် အလားတူ ဝေဒနာရှင်များကို သက်သာစေချင်တာမို့ “ဂွေးဒေါက် နဲ့ သနပ်ခါး ဆေးနည်း” ကို တင်ပြပေးလိုက်ပါတယ်။
Credit : Mg Naing
โพสท์ใน Uncategorized | ใส่ความเห็น

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *