အမ်ိဳးသမီးမ်ားအတြက္ ရင္သားကင္ဆာကို ကာကြယ္ႏိုင္တဲ့ အစားအစာမ်ာ


ဘယ္အစားအစာက ကင္ဆာကို ကာကြယ္ႏိုင္တယ္လို႔ အတိအက်ေတာ့ မေျပာႏိုင္ေသးပါဘူး။ ဒါေပမဲ့ အာဟာရပညာ႐ွင္ေတြရဲ႕ အၾကံေပးခ်က္ေတြအရ ေအာက္ပါအစားအစာေတြကို ေန႔စဥ္စားသံုးမယ္ဆိုရင္ ရင္သားကင္ဆာကို အတိုင္းအတာတစ္ခုထိ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ သုေတသနပညာ႐ွင္ေတြရဲ႕ အဆိုအရ ရင္သားကင္ဆာျဖစ္ပြားႏိုင္စြမ္းကို သိသိသာသာ ေလ်ာ့က်ထိန္းခ်ဳပ္ႏိုင္မယ့္ အစားအေသာက္ေတြ ႐ွိေနပါတယ္ေနာ္။
ေမႊးႀကိဳင္တဲ့စိမ္းျမျမ လက္ဖက္ရည္ၾကမ္းဟာ ကိုယ္အေလးခ်ိန္ က်႐ံုတင္မကဘဲ ေသြးေပါင္ကိုပါ ထိန္းညႇိေပးပါတယ္။ လက္ဖက္စိမ္းရည္မွာ ပိုလီဖီေနာနဲ႔ ကာတက္ခ်င္လို႔ေခၚတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္တာေၾကာင့္ ဆဲလ္ေတြကို ကာကြယ္ေပးပါတယ္။
ေသလဲသီးေဖ်ာ္ရည္မွာ ပိုလီဖီေနာလို႔ေခၚတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ အမ်ားႀကီး ပါဝင္တာေၾကာင့္ ရင္သားကင္ဆာနဲ႔ တျခားကင္ဆာေတြကို ေကာင္းစြာကာကြယ္ႏိုင္ေၾကာင္း တိက်တဲ့သုေတသနေတြ ထြက္႐ွိထားပါတယ္။ စေတာ္ဘယ္ရီသီးေတြမွာလည္း ဓာတ္တိုးဆန္က်င္ပစၥည္းေတြ ပါဝင္ၿပီး ဗီတာမင္စီမွာ ထပ္ေပါင္း ပါဝင္တာေၾကာင့္ ရင္သားကင္ဆာ ကာကြယ္ပါသတဲ့။ ဆီးသီးနဲ႔ မက္မြန္သီးဟာ ကင္ဆာဆဲလ္ေတြ ပြားမ်ားမႈကို ထိေရာက္စြာ ကာကြယ္ေပးပါသတဲ့။
ေအာက္ပါအသီးအႏွံေတြမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြအျပင္ ဗီတာမင္စီ ဗီတာမင္အီးနဲ႔ ဗီတာမင္ေက အုပ္စုေတြ ပါဝင္ပါတယ္။ အမ်ွင္ဓာတ္လည္း ေပါႂကြယ္တဲ့အျပင္ ဂလူကိုစီေနာလိတ္လို႔ေခၚတဲ့ ဓာတုျဒပ္ေပါင္းတစ္ခု ပါဝင္ပါတယ္။ ဒီျဒပ္ေပါင္းဟာ ကင္ဆာအေတာ္မ်ားမ်ားကို တိုက္ဖ်က္ႏိုင္ပါတယ္တဲ့။
ပန္းေဂၚဖီစိမ္း၊ မုန္လာထုပ္၊ ပန္းမုန္လာ၊ ခရမ္းသီး
အစိမ္းရင့္ရင့္ အရြက္ေတြမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ အမ်ားႀကီးပါတဲ့အျပင္ အမ်ွင္ဓာတ္ေတြ ႂကြယ္ဝလို႔ ကင္ဆာ ကာကြယ္ပါတယ္။
ကန္ဇြန္းရြက္၊ မႈိ၊ မုန္လာဥျဖဴ၊ မုန္လာဥနီ
စိမ္းရင့္ေရာင္အျပင္ အဝါေရာင္အသီးအႏွံေတြ အနီရဲရဲ အသီးေတြမွာ ဗီတာမင္ေအ၊ လူသီယင္း၊ ဘီတာကယ္႐ိုတင္းနဲ႔ လိုက္ကိုပင္းေတြ ပါဝင္ပါတယ္။
မုန္လာဥနီ၊ ခရမ္းခ်ဥ္သီး ကန္ဇြန္းဥတို႔ ျဖစ္ပါတယ္။
ေအပီဂ်ီနင္လို႔ေခၚတဲ့ ဖေလဗႏြိဳက္ဓာတ္ဟာ အသီးအႏွံ အေတာ္မ်ားမ်ားမွာ ပါဝင္ၿပီး ဓာတ္တိုးဆန္႔က်င္ပစၥည္းျဖစ္တဲ့အျပင္ ေရာင္ရမ္းျခင္းကိုပါ ေလ်ာ့ေစပါတယ္။
ကၫြတ္၊ ကယ္မိုလိုင္း၊ ပူစီနံ၊ ကန္ဇြန္းရြက္၊ ပင္စိမ္းရြက္ ေတြမွာ ပါဝင္ေလ့႐ွိပါတယ္။
ငါးႀကီးဆီ အိုမီဂါသရီးဟာ ရင္သားကင္ဆာကို ထိထိေရာက္ေရာက္ ကာကြယ္ပါတယ္။ ေဆာ္လမြန္ငါး၊ ဆာဒင္းငါးေတြမွာ ပါဝင္တဲ့အျပင္ ငါးႀကီးဆီေဆးလံုးေတြလည္း မွီဝဲေပးႏိုင္ပါတယ္။
လစ္ဂနင္နဲ႔ ဆာပိုနင္ကေတာ့ ေနာက္ထပ္အသံုးက်တဲ့ စစ္သူႀကီးႏွစ္ဦးေပါ့။ သူတို႔ကို ပဲေတာင့္႐ွည္၊ ဘိုစားပဲ၊ ပဲနီေလး၊ မတ္ပဲေတြမွာ အမ်ားဆံုး ေတြ႕ရပါတယ္။ ပဲမ်ိဳးရင္းအုပ္စုဟာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပ႐ိုတင္း၊ ေဖာလိပ္နဲ႔ အမ်ွင္ဓာတ္ေတြ အမ်ားႀကီး ပါဝင္ပါတယ္။ ဆႏြင္းမွာ ကာကူမင္ဓာတ္ ပါဝင္ၿပီး အားေကာင္းတဲ့ ေရာင္ရမ္းက်ေဆးပါတဲ့။
ၾကက္သြန္ျဖဴမွာ ရင္သားကင္ဆာ တိုက္ဖ်က္ေရးအတြက္ အသံုးက်ၿပီး ေန႔စဥ္ လတ္လတ္ဆတ္ဆတ္ ဝါးစားသင့္တဲ့ အစာပါတဲ့။ ပူစပ္တဲ့ဓာတ္ဟာ င႐ုတ္သီးစိမ္းေတြမွာ ပါဝင္ၿပီး ရင္သားကင္ဆာ ခံစားေနရသူေတြမွာ ကင္ဆာဆဲလ္ေတြ ပြားမ်ားမႈကိုေႏွးေကြးေစတဲ့ ကင္ဆာဆန္႔က်င္ဓာတ္ ျဖစ္ပါတယ္။
ျမန္မာေတြစားေနက် အစားအစာေတြအနက္ ဆန္လံုးညိဳ၊ ေကြကာအုပ္၊ ေျပာင္းဖူးေတြမွာ ကင္ဆာတိုက္ဖ်က္ေရး ပိုလီဖီေနာေတြအျပင္ မဂၢနီဆီယမ္နဲ႔ ပ႐ိုတင္း၊ အမ်ွင္ဓာတ္ေတြပါ ျပည့္ဝပါဝင္လို႔ ရင္သားကင္ဆာျဖစ္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း)
Source : DrMyanmar
(Unicode Version)
ရင်သားကင်ဆာကို ကာကွယ်နိုင်တဲ့ အစားအစာများ
ဘယ်အစားအစာက ကင်ဆာကို ကာကွယ်နိုင်တယ်လို့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အာဟာရပညာရှင်တွေရဲ့ အကြံပေးချက်တွေအရ အောက်ပါအစားအစာတွေကို နေ့စဉ်စားသုံးမယ်ဆိုရင် ရင်သားကင်ဆာကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ ရင်သားကင်ဆာဖြစ်ပွားနိုင်စွမ်းကို သိသိသာသာ လျော့ကျထိန်းချုပ်နိုင်မယ့် အစားအသောက်တွေ ရှိနေပါတယ်နော်။
မွှေးကြိုင်တဲ့စိမ်းမြမြ လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန် ကျရုံတင်မကဘဲ သွေးပေါင်ကိုပါ ထိန်းညှိပေးပါတယ်။ လက်ဖက်စိမ်းရည်မှာ ပိုလီဖီနောနဲ့ ကာတက်ချင်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။
သေလဲသီးဖျော်ရည်မှာ ပိုလီဖီနောလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်တာကြောင့် ရင်သားကင်ဆာနဲ့ တခြားကင်ဆာတွေကို ကောင်းစွာကာကွယ်နိုင်ကြောင်း တိကျတဲ့သုတေသနတွေ ထွက်ရှိထားပါတယ်။ စတော်ဘယ်ရီသီးတွေမှာလည်း ဓာတ်တိုးဆန်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ဗီတာမင်စီမှာ ထပ်ပေါင်း ပါဝင်တာကြောင့် ရင်သားကင်ဆာ ကာကွယ်ပါသတဲ့။ ဆီးသီးနဲ့ မက်မွန်သီးဟာ ကင်ဆာဆဲလ်တွေ ပွားများမှုကို ထိရောက်စွာ ကာကွယ်ပေးပါသတဲ့။
အောက်ပါအသီးအနှံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် ဗီတာမင်စီ ဗီတာမင်အီးနဲ့ ဗီတာမင်ကေ အုပ်စုတွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း ပေါကြွယ်တဲ့အပြင် ဂလူကိုစီနောလိတ်လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခု ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းဟာ ကင်ဆာအတော်များများကို တိုက်ဖျက်နိုင်ပါတယ်တဲ့။
ပန်းဂေါ်ဖီစိမ်း၊ မုန်လာထုပ်၊ ပန်းမုန်လာ၊ ခရမ်းသီး
အစိမ်းရင့်ရင့် အရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့အပြင် အမျှင်ဓာတ်တွေ ကြွယ်ဝလို့ ကင်ဆာ ကာကွယ်ပါတယ်။
ကန်ဇွန်းရွက်၊ မှို၊ မုန်လာဥဖြူ၊ မုန်လာဥနီ
စိမ်းရင့်ရောင်အပြင် အဝါရောင်အသီးအနှံတွေ အနီရဲရဲ အသီးတွေမှာ ဗီတာမင်အေ၊ လူသီယင်း၊ ဘီတာကယ်ရိုတင်းနဲ့ လိုက်ကိုပင်းတွေ ပါဝင်ပါတယ်။
မုန်လာဥနီ၊ ခရမ်းချဉ်သီး ကန်ဇွန်းဥတို့ ဖြစ်ပါတယ်။
အေပီဂျီနင်လို့ခေါ်တဲ့ ဖလေဗနွိုက်ဓာတ်ဟာ အသီးအနှံ အတော်များများမှာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့အပြင် ရောင်ရမ်းခြင်းကိုပါ လျော့စေပါတယ်။
ကညွတ်၊ ကယ်မိုလိုင်း၊ ပူစီနံ၊ ကန်ဇွန်းရွက်၊ ပင်စိမ်းရွက် တွေမှာ ပါဝင်လေ့ရှိပါတယ်။
ငါးကြီးဆီ အိုမီဂါသရီးဟာ ရင်သားကင်ဆာကို ထိထိရောက်ရောက် ကာကွယ်ပါတယ်။ ဆော်လမွန်ငါး၊ ဆာဒင်းငါးတွေမှာ ပါဝင်တဲ့အပြင် ငါးကြီးဆီဆေးလုံးတွေလည်း မှီဝဲပေးနိုင်ပါတယ်။
လစ်ဂနင်နဲ့ ဆာပိုနင်ကတော့ နောက်ထပ်အသုံးကျတဲ့ စစ်သူကြီးနှစ်ဦးပေါ့။ သူတို့ကို ပဲတောင့်ရှည်၊ ဘိုစားပဲ၊ ပဲနီလေး၊ မတ်ပဲတွေမှာ အများဆုံး တွေ့ရပါတယ်။ ပဲမျိုးရင်းအုပ်စုဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပရိုတင်း၊ ဖောလိပ်နဲ့ အမျှင်ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ဆနွင်းမှာ ကာကူမင်ဓာတ် ပါဝင်ပြီး အားကောင်းတဲ့ ရောင်ရမ်းကျဆေးပါတဲ့။
ကြက်သွန်ဖြူမှာ ရင်သားကင်ဆာ တိုက်ဖျက်ရေးအတွက် အသုံးကျပြီး နေ့စဉ် လတ်လတ်ဆတ်ဆတ် ဝါးစားသင့်တဲ့ အစာပါတဲ့။ ပူစပ်တဲ့ဓာတ်ဟာ ငရုတ်သီးစိမ်းတွေမှာ ပါဝင်ပြီး ရင်သားကင်ဆာ ခံစားနေရသူတွေမှာ ကင်ဆာဆဲလ်တွေ ပွားများမှုကိုနှေးကွေးစေတဲ့ ကင်ဆာဆန့်ကျင်ဓာတ် ဖြစ်ပါတယ်။
မြန်မာတွေစားနေကျ အစားအစာတွေအနက် ဆန်လုံးညို၊ ကွေကာအုပ်၊ ပြောင်းဖူးတွေမှာ ကင်ဆာတိုက်ဖျက်ရေး ပိုလီဖီနောတွေအပြင် မဂ္ဂနီဆီယမ်နဲ့ ပရိုတင်း၊ အမျှင်ဓာတ်တွေပါ ပြည့်ဝပါဝင်လို့ ရင်သားကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း)
Source : DrMyanmar
โพสท์ใน Uncategorized | ใส่ความเห็น

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *